Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၁၃)တွင် (၂၈-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-)ကျပ်တို့အား (၂၈-၁-၂၀၂၀)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကျင်းပ
ဇန်နဝါရီ ၂၈၊ နေပြည်တော် အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာ ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ကျင်းပ ပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA၏ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ အထူးဖိတ်ကြားထား သော ကိုယ်စားလှယ်၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည်( ၂၈ – ၁ – ၂၀၂၀) ရက်နေ့၊ နံနက်( ၉ : ၀၀) အချိန်မှ ညနေ ( ၁၆ : ၃၀ ) အချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်အဝေးခန်းမတွင် သင်တန်းသား (၅၁) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု အခြေခံသင်တန်းအား ပြုလုပ်ကျင်းပခဲ့ပြီး သင်တန်းသား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီ မှ (၁၁:၀၀) နာရီ ထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် လွယ်မွေ အ.ထ.က ကျောင်းတွင် ဆရာ/ဆရာမများ၊ကျောင်းသူ /ကျောင်းသားများ (၃၅၀) ဦးကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁:၀၀) နာရီချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ငန်းစပ်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွား နေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၀၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ … Read more
-
ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၂၈-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီ အချိန်အထိ သရက်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၅ဝ)ဦးတို့ကို ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar_eqk #simex_eqk #mgy_jan2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ (၇၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်စေသည့်ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မုန့်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2020
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ခွဲ)၊ ရွှေနံ့သာကျောင်းတွင် ကျောင်းသား၊ သူများအား သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ သူ (၃၁၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈- ၁- ၂၀၂၀) ရက်နေ့တွင် ( ၁၃ : ၀၀ ) နာရီအချိန်မှ ( ၁၄ : ၃၀ )နာရီအချိန်ထိ ကနီမြို့နယ် ၊ တဇယ်ချောင် ကျေးရွာအုပ်စု၊ တဇယ်ချောင်ကျေးရွာရှိ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျေး ရွာသူ၊ ကျေးရွာသား (၇၀) ဦးခန့်အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများနှင့် ငလျင်ဘေးနှင့် … Read more
-
မိုးခေါင်ရေရှားဘေးနှင့် ပတ်သက်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၁-၂၀၂၀)ရက်နေ့တွင် ဘုတလင်မြို့၌ စိုက်ထူထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်နေရာတွင် မိုးခေါင်ရေရှားဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်အလက်များပါဝင်သော ဗီနိုင်းပိုစတာ အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_drg #sgg_jan2020









