လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ (၇၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်စေသည့်ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မုန့်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_jan2020