လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈- ၁- ၂၀၂၀) ရက်နေ့တွင် ( ၁၃ : ၀၀ ) နာရီအချိန်မှ ( ၁၄ : ၃၀ )နာရီအချိန်ထိ ကနီမြို့နယ် ၊ တဇယ်ချောင် ကျေးရွာအုပ်စု၊ တဇယ်ချောင်ကျေးရွာရှိ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျေး ရွာသူ၊ ကျေးရွာသား (၇၀) ဦးခန့်အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများနှင့် ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက် ကမ်းစာစောင်နှင့် ငလျင်ဘေးအသိပညာပေးနံရံကပ်ပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jan2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)