လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည်( ၂၈ – ၁ – ၂၀၂၀) ရက်နေ့၊ နံနက်( ၉ : ၀၀) အချိန်မှ ညနေ ( ၁၆ : ၃၀ ) အချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်အဝေးခန်းမတွင် သင်တန်းသား (၅၁) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု အခြေခံသင်တန်းအား ပြုလုပ်ကျင်းပခဲ့ပြီး သင်တန်းသား / သူများမှ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းအား (၂၉ -၁- ၂၀၂၀ ) ရက်နေ့ မှ (၁- ၂- ၂၀၂၀ ) ရက်နေ့အထိ ဆက်လက်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းရရှိပါသည်။
#shn_jan2020
Source: ရှမ်းပြည်နယ်ဦးစီးရုံး (ဘစမ)