သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

28 _ Pic _ 02 28 _ Pic _ 03JPG

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ခွဲ)၊ ရွှေနံ့သာကျောင်းတွင် ကျောင်းသား၊ သူများအား သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ သူ (၃၁၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

#ar
#npw_jan2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events