လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၂၈-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီ အချိန်အထိ သရက်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၅ဝ)ဦးတို့ကို ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar_eqk
#simex_eqk
#mgy_jan2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)