Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကဘင်းကျေးရွာတွင်(၆-၂-၂၀၂၀)ရက်နေ့(၁၆:၀၀)နာရီအချိန်၌ လယ်ရိုးပြတ်များမီးရှို့ရာမှ နေအိမ်မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စု မှလူဦးရေ(၁၂)ဦးတို့မီးဘေးသင့်ခဲ့ရာ၊ မီးဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၅၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာ တို့အား(၁၀-၂-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_feb2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူး ရုံးမှတာ၀န်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းမြောက်ရပ်ကွက်၊ ခေတ္တရာ (၆) လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးမှပျက်စီးနေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁ဝ) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင်စာအား (၁၀-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့(၁၃း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ လှိုင်းဘွဲမြို့နယ်၊ အမက(၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေသည် ဆိုးကျိုးများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟာပြောပွဲပြုလုပ်ခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020
-
သဘာဝဘေးအသိပညာပေးဟောပြောမှုဆောင်ရွက်ခြင်း သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ (၁၁:၃၀) နာရီမှ (၁၂:၃၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သာစီကုန်းကျေးရွာအုပ်စု၊ ထန်းလုံးချောင်းကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့်သကြားလုံးများပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ /သား စုစုပေါင်း(၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ် ရပ်ကွက်၌ ပြည်သူလူထူ စုစုပေါင်း(၅၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဘိုင်းဒေါင့်ချာင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာရှိ အထက်တန်းကျောင်းမှ ကျောင်းသူ/ သား (၃၅၀)ဦး တို့အားလည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ကျေးရွာရှိ အလယ်တန်းကျောင်းမှ ဆရာ ဆရာမ၊ ကျောင်းသား/ သူ စုစုပေါင်း (၃၁၀) ဦးတို့အားလည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးခြင်း၊ ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကျောင်းအုပ်ဆရာမကြီး၊ … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့ (၂၁:၀၀)အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရဟိုင်ဖျားကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာ၌ တောဆင်ရိုင်းဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀ဝ/-)ကျပ်အား (၇-၂-၂၀၂၀)ရက်နေ့တွင် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb 2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူ များသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၃၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ အ.ထ.က(ခွဲ)၊ ရွေးစု စာသင်ကျောင်း၌ ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ သူ (၂၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မြေသားရေကန်တူးဖော်ရေးအတွက်ရန်ပုံငွေထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁ဝ-၂-၂ဝ၂ဝ)ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အိုရင်းကျေးရွာအုပ်စု၊ အိုရင်းဝောာတဲတိုက်တွင် မြေသားရေကန်ပြန်လည်တူးဖော်ရန်အတွက် ထောက်ပံ့ငွေ (၅ဝဝဝဝဝဝ/-)ကျပ်၊ (ကျပ်သိန်းငါးဆယ်တိတိ)အား မြိုင်မြို့နယ်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၃၀)ချိန်တွင် သံတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရှိ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း (၅၀) တက်ရောက်ခဲ့ပါပြီး၊ အဆိုပါ သင်တန်းကို (၁၀-၂-၂၀၂၀) ရက်နေ့မှ (၁၂-၂-၂၀၂၀) ရက်နေ့အထိ သင်တန်းသား (၃၀) ဉီးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020









