လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့(၁၃း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ လှိုင်းဘွဲမြို့နယ်၊ အမက(၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေသည် ဆိုးကျိုးများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟာပြောပွဲပြုလုပ်ခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_feb 2020