လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကဘင်းကျေးရွာတွင်(၆-၂-၂၀၂၀)ရက်နေ့(၁၆:၀၀)နာရီအချိန်၌ လယ်ရိုးပြတ်များမီးရှို့ရာမှ နေအိမ်မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စု မှလူဦးရေ(၁၂)ဦးတို့မီးဘေးသင့်ခဲ့ရာ၊ မီးဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၅၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာ တို့အား(၁၀-၂-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_feb2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)