လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဘိုင်းဒေါင့်ချာင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာရှိ အထက်တန်းကျောင်းမှ ကျောင်းသူ/ သား (၃၅၀)ဦး တို့အားလည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ကျေးရွာရှိ အလယ်တန်းကျောင်းမှ ဆရာ ဆရာမ၊ ကျောင်းသား/ သူ စုစုပေါင်း (၃၁၀) ဦးတို့အားလည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးခြင်း၊ ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာကြီးတို့အား မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးဗွီနိုင်းများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_feb2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး