မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

10_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူး ရုံးမှတာ၀န်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းမြောက်ရပ်ကွက်၊ ခေတ္တရာ (၆) လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးမှပျက်စီးနေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁ဝ) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင်စာအား (၁၀-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ ပြည်သူလက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

-zawgyi version-

#ha_fir

#bgo_feb2020

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events