သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

10_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူ များသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၃၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ အ.ထ.က(ခွဲ)၊ ရွေးစု စာသင်ကျောင်း၌ ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ သူ (၂၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_feb2020

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events