Category Archives: News
-
ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအနရာယ်ဆိုင်ရာ သဏာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မိုင်းပျဉ်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၃၀၀) ဦးနှင့်အတူ ပူးပေါင်း၍ ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ရာ အဆိုပါဇာတ်တိုက် လေ့ကျင့်ခန်းတွင် တက်ရောက်လာသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပို့ချခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြခြင်း၊ ရှေးဦးပြုစုနည်းများနှင့် လက်တွေ့သရုပ်ပြခြင်းများတို့ကို ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာ စောင်များကိုလည်း ဝေငှပေးခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင် ခင်ဦးမြို့နယ် ညောင်ကုန်းကျးရွာ (၁၅-၂-၂၀၂၀)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၆ )လုံး၊ အိမ်ထောင်စု( ၆) စုမှလူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၂၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၇၀၂၅၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုး( ၆)အိမ်ထောင်စာတို့အား (၁၇-၂-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် ခင်ဦးမြို့နယ် သဘာဝဘေးအနရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့်အတူ ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်း ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၀) ဦးတို့မီးဘေးသင့်ခဲ့ပါသဖြင့် မီးလောင်ပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၀)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၃၂၁၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၃)စုံအား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ (၁၁:၃၀) အချိန်မှ (၁၂:၃၀) အချိန်ထိ တောင်ကုန်းကျေးရွာ အ.လ.က(ခွဲ) ကျောင်း၌ ကျောင်းသူ/သား ၁၀၀ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ငလျင်ဘေးအသိပညာပေးဗီနိုင်းများအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ခရိုင်အဆင့်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် ခရိုင်အဆင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျိုင်းတုံခရိုင်မှ သင်တန်းသား/ သူ (၃၀) ဦးဖြင့်ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင်လှစ် ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်ပွဲ အမှာစကားပြော ကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၇-၂-၂၀၂၀) ရက်နေ့မှ (၁၉ -၂- ၂၀၂၀) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2020
-
ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)ဖွင့်ပွဲ ဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်ခည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံး၌ကျင်းပပြုလုပ်သော ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)ဖွင့်ပွဲအား (၁၇.၂.၂၀၂၀)ရက်နေ့ (၀၉း၀၀)အချိန်တွင်ပြုလုပ်ခဲ့ရာ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သက်တန်းဖွင့်ပွဲအခမ်အနားသို့ မော်လမြိုင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်\ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊သူ (၅၀)ဦးအပါအဝင် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇.၂.၂၀၂၀)ရက်နေ့မှ (၂၁.၂.၂၀၂၀)ရက်နေ့အထိ(၅)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) အချိန်ထိ နန်းသီကျေးရွာ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား/သူ ၁၀၀ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ငလျင်ဘေးအသိပညာပေး ဗီနိုင်းပိုစတာများအာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီ မှ (၁၀:၃၀) ချိန်ထိ ခုံသာကျေးရွာ အ.မ.က ကျောင်း၌ ကျောင်းသား/သူ ၇၀ ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ နှင့် ဗီနိုင်းပိုစတာများအားဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၂-၂၀၂၀)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ နမ့်ဘောဝမ်(က)ရက်ကွက်ရှိ ခရိုင်ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနပိုင်ဝန်ထမ်းအိမ်ရာအတွင်း လျှပ်စစ်ထမင်း ပေါင်းအိုးတည်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး (၃၆×၁၈)ပေ၊ ပျဉ်ကာ၊ သွပ်မိုး၊ မြေစိုက်(၂)ခန်းတွဲ(၁)ထပ်နေအိမ်(၁)လုံး မီးလောင် ကျွမ်းခဲ့ရာဘေးသင့်အိမ်ထောင်(၁)စု၊လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉) မျိုး (၁) အိမ် ထောင်စာနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၀၀/-) ကျပ်တို့အား (၁၄-၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၁၀-၂-၂၀၂၀) ရက်နေ့မှ (၁၆-၂-၂၀၂၀) ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။









