
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၂-၂၀၂၀)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ နမ့်ဘောဝမ်(က)ရက်ကွက်ရှိ ခရိုင်ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနပိုင်ဝန်ထမ်းအိမ်ရာအတွင်း လျှပ်စစ်ထမင်း ပေါင်းအိုးတည်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး (၃၆×၁၈)ပေ၊ ပျဉ်ကာ၊ သွပ်မိုး၊ မြေစိုက်(၂)ခန်းတွဲ(၁)ထပ်နေအိမ်(၁)လုံး မီးလောင် ကျွမ်းခဲ့ရာဘေးသင့်အိမ်ထောင်(၁)စု၊လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉) မျိုး (၁) အိမ် ထောင်စာနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၀၀/-) ကျပ်တို့အား (၁၄-၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#kyh_feb2020