လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်ခည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံး၌ကျင်းပပြုလုပ်သော ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)ဖွင့်ပွဲအား (၁၇.၂.၂၀၂၀)ရက်နေ့ (၀၉း၀၀)အချိန်တွင်ပြုလုပ်ခဲ့ရာ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သက်တန်းဖွင့်ပွဲအခမ်အနားသို့ မော်လမြိုင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်\ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊သူ (၅၀)ဦးအပါအဝင် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇.၂.၂၀၂၀)ရက်နေ့မှ (၂၁.၂.၂၀၂၀)ရက်နေ့အထိ(၅)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#mon_feb2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)