Category Archives: News
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လပွတ္တာမြို့နယ် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများတို့မှ သင်တန်းသား(၃၀)ဦးတို့ဖြင့် (၁၉.၂.၂၀၂၀)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ on# #ar #ayy_feb2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် မြိတ်မြို့နယ်၊ အစိုရနည်းပညာအထက်တန်းကျောင်း၌ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမနည်းပြအင်အား (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောကာ ဗီဒီယို ပြသပြီး လက်ကမ်းစာစောင်နှင့် ဗလာစာအုပ်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ar #tny_feb2020
-
မီးဘေးထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၌ ( ၁၉- ၂ – ၂၀၂၀ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး ၊အိမ် ထောင်စု (၁) စု၊ လူဦးရေ( ၈) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ( ၁၆၈၀ဝိ/- ) ၊ စုစုပေါင်းရန်ပုံငွေ ( … Read more
-
အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စု၊ တောင်ကိုင်းကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ(၁၀၀)ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးကျော်စိန်(တဲတိုက်)နှင့် ဘိုတဲ(တဲတိုက်)ရှိ အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၃)စု၊ လူဦးရေ (၅၈၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_drg #mgy_feb2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာတို့တွင် (၁၉-၂-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄၁)လုံး၊ အိမ်ထောင်စု(၄၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၁၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၇၇)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၇၁,၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၄၇၁,၇၀၀ိ/-)ကျပ်အား (၁၉-၂-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_feb2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
နေရပ်ပြန်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူ အိမ်ထောင်စု (၉၈) စု၊ လူဦးရေ (၁၆၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ( ၁၉၁ အိတ်၊ ၂၁ ပြည်) ထောက်ပံ့မှုအခမ်းအနားအားလည်းကောင်း၊ မိမိတို့ဦးစီးဌာနမှ ငွေ (၁၁၅၅၂၃၉၀/-) ကျပ်နှင့် (၇)ပေ အလှူဇင့်သွပ် (၃၅၈)ချပ် ထောက်ပံ့ခဲ့သော စိန့်ပေါလ် (၂) ထပ် ဘော်ဒါဆောင်ဖွင့်ပွဲအခမ်းအနား အား … Read more
-
မီးဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၉-၂-၂၀၂၀) ရက်နေ့ နံနက် ( ၁၁:၀၀) နာရီချိန်တွင် မိုင်းတုံမြို့နား ကောင်းမူ(အထက)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးအား မီးဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီမှ (၁၀:၃၀)အချိန်ထိ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ အ.ထ.က(မြို့မ)၌ ကျောင်းသူ/သား (၇၀၀)ဦးခန့်ကို လည်းကောင်း၊ (၁၀:၄၀)အချိန်မှ (၁၂:၂၀) အချိန်ထိ နမ့်စန်မြို့၊ အ.ထ.က(နမ့်စန်)၌ ကျောင်းသူ/သား(၆၀၀)ဦးခန့်ကိုလည်းကောင်း ဌာန၏လုပ်ငန်းတာဝန်များ၊ ငလျင်ဘေး၊ မီးဘေးနှင့် မြေပြိုဘေးများကို ရှင်းလင်းပြောကြားသရုပ်ပြ၍ လက်ကမ်းစာစောင်များဝေငှပြီး မေးမြန်းသည်များကို ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ဇီးဖြူတောင်ကျေးရွာ၊ ဇီးဖြူတောင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် စပ်လျဉ်း ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းအား ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၀၀)ဦးဖြင့် ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ။









