လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီမှ (၁၀:၃၀)အချိန်ထိ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ အ.ထ.က(မြို့မ)၌ ကျောင်းသူ/သား (၇၀၀)ဦးခန့်ကို လည်းကောင်း၊ (၁၀:၄၀)အချိန်မှ (၁၂:၂၀) အချိန်ထိ နမ့်စန်မြို့၊ အ.ထ.က(နမ့်စန်)၌ ကျောင်းသူ/သား(၆၀၀)ဦးခန့်ကိုလည်းကောင်း ဌာန၏လုပ်ငန်းတာဝန်များ၊ ငလျင်ဘေး၊ မီးဘေးနှင့် မြေပြိုဘေးများကို ရှင်းလင်းပြောကြားသရုပ်ပြ၍ လက်ကမ်းစာစောင်များဝေငှပြီး မေးမြန်းသည်များကို ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)