လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၌ ( ၁၉- ၂ – ၂၀၂၀ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး ၊အိမ် ထောင်စု (၁) စု၊ လူဦးရေ( ၈) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ( ၁၆၈၀ဝိ/- ) ၊ စုစုပေါင်းရန်ပုံငွေ ( ၁၁၆၈၀ဝိ/- )၊ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုးပါ (၁) ပုံးတို့အားတို့အား ( ၁၉ – ၂ – ၂၀၂၀ ) ရက်နေ့၊ ( ၁၃: ၀၀ )နာရီအချိန်တွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေမှူးဦးအောင်ကျော်မင်း၊ ဌာနဆိုင်ရာများနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_feb2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)