အသိပညာပေးဟောပြောဆွေးနွေးခြင်း

 

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စု၊ တောင်ကိုင်းကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်‌ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ(၁၀၀)ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_feb2020

Source:             မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events