နေရပ်ပြန်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

19_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူ အိမ်ထောင်စု (၉၈) စု၊ လူဦးရေ (၁၆၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ( ၁၉၁ အိတ်၊ ၂၁ ပြည်) ထောက်ပံ့မှုအခမ်းအနားအားလည်း‌ကောင်း၊ မိမိတို့ဦးစီးဌာနမှ ငွေ (၁၁၅၅၂၃၉၀/-) ကျပ်နှင့် (၇)ပေ အလှူဇင့်သွပ် (၃၅၈)ချပ် ထောက်ပံ့ခဲ့သော စိန့်ပေါလ် (၂) ထပ် ဘော်ဒါဆောင်ဖွင့်ပွဲအခမ်းအနား အား (၁၁:၃၀) နာရီအချိန်တွင်လည်းကောင်း၊ မံစီမြို့နယ်၊ မုန်းဒိန်းပါကျေးရွာရှိ နေရပ်ပြန်ပြည်သူ အိမ်ထောင်စု (၄၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပြောင်းရွှေ့စရိတ် (၄၃၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၇၀၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၂၂၀ အိတ်၊ ၂၂ ပြည် ၊ ၄ ဗူး) ထောက်ပံ့မှုအခမ်းအနားအား (၁၈-၂-၂၀၂၀)ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events