ကမ်းပြို​ဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

 

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာတို့တွင် (၁၉-၂-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄၁)လုံး၊ အိမ်ထောင်စု(၄၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၁၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၇၇)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၇၁,၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၄၇၁,၇၀၀ိ/-)ကျပ်အား (၁၉-၂-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_feb2020

Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events