Category Archives: News
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ သံဒိဇီးဖြူကုန်းကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည် မပြုပြင် နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှု ရရရှိရန်အတွက် လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေးဆောင်ရွက်ရန် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်း ကောက်လျက် ရှိပါကြောင်း … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစု ကျေးရွာအုပ်စု၊ ကျုံခရိုင်၊ ရွှေတောင်၊ မြစ်တန်း၊ ပတုပ်၊ သကံဝ၊ ရှမ်းကွင်း၊ လက်ဖျောက်ဆိုင်၊ ကျောင်းစု ကျေးရွာများသို့ မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးလွယ် သောနေအိမ်များ၊ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ် (သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးဦးဆောင်သောနေအိမ်များ၊ ဆင်းရဲနွမ်းပါးသောနေအိမ်များ)အား သင့်တင့် သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးဆောင်ရွက်ရန် ကျေးရွာအုပ်စု … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒီမောဆို့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါကလော်လဲကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာများသို့ သောက်သုံးရေဂါလံ (၃၂၀၀) စီအား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီမောဆို့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာနှင့် ကန်ကြီးဒေါင့်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီး နိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် ပြင်စလူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက် လျက်ရှိကြောင်း … Read more
-
(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ်အလုံး (၂၀၀) အနက် ချောက်မြို့နယ်၊ ရွာမအုပ်စု-ရွာမကျေးရွာတွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၇၁) လုံးအား လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအားဖြည့်ပြုပြင်ခြင်းအား မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထု တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
မတ် ၁၅ ၊ နေပြည်တော် Corona virus disease (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့်် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုချိန်သည် COVID-19 ကူးစက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေငြာထားပြီး၊ နိုင်ငံတော် သမ္မတရုံးကလည်း ပြည်သူလူထုကို ပန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၌ (၁၅-၃-၂၀၂၀) ရက်နေ့၊ (၀၁:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၈) အိမ်ထောင်စာနှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၇,၂၀၀/-) ကျပ်တို့အား (၁၅-၃-၂၀၂၀) ရက်နေ့၊ (၁၅:၁၅) နာရီအချိန်တွင် … Read more
-
နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၂/၂၀၂၀)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့ထုတ်ပြန်ချက်- မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ … Read more









