
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ်အလုံး (၂၀၀) အနက် ချောက်မြို့နယ်၊ ရွာမအုပ်စု-ရွာမကျေးရွာတွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၇၁) လုံးအား လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#mgy_mar2020