လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

 

16-Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ သံဒိဇီးဖြူကုန်းကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည် မပြုပြင် နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှု ရရရှိရန်အတွက် လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေးဆောင်ရွက်ရန် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်း‌ ကောက်လျက် ရှိပါ‌ကြောင်း သတင်းရရှိပါသည်။

#‌ayy_mar2020

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events