လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

 

16-Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစု ကျေးရွာအုပ်စု၊ ကျုံခရိုင်၊‌‌ ရွှေတောင်၊ မြစ်တန်း၊ ပတုပ်၊ သကံဝ၊ ရှမ်းကွင်း၊ လက်‌ဖျောက်ဆိုင်၊‌ ကျောင်းစု ကျေးရွာများသို့ မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးလွယ် သောနေအိမ်များ၊ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ် (သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးဦးဆောင်သောနေအိမ်များ၊ ဆင်းရဲနွမ်းပါးသောနေအိမ်များ)အား သင့်တင့် သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးဆောင်ရွက်ရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရပ်/ကျေးစာရေး၊နယ်မြေမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များနှင့်ရပ်မိရပ်ဖပူးပေါင်းပါဝင်‌သောအဖွဲ့ဖြင့် (၁၄-၃-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစာရင်း‌ကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ‌သည်။

#ayy_mar2020

 
Source: ဖျာပုံခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events