လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

16_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာနှင့် ကန်ကြီး‌ဒေါင့်ကျေးရွာအုပ်စု၊ ကုန်းကြီး‌ကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီး နိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် ပြင်စလူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
#ayy_mar2020
Source: လပွတ္တာခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events