Category Archives: News
-
မီးဘေးသင့်အဆောက်အအုံအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့ နယ်၌ (၂၀-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆:၅၀) နာရီအချိန်၌ အောင်လံမြို့နယ်၊ စမ်းချောင်း ရပ်ကွက်၊ အောင်ဇမ္ဗူ (တောရကျောင်း) တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင် (၁) လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ မီးဘေးသင့် ကျောင်းဆောင်(၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-) ကျပ်အား (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
#ha_fir #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ၌ (၁၉-၃-၂၀၂၀) ရက်နေ့ (၁၁:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ စုစုပေါင်းတန်ဖိုးထောက်ပံ့ငွေ (၃၇,၇၅၃/-) ကျပ် အားလည်းကောင်း အဆိုပါနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ် နှင့်လူဦးရေ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့(၂)အပိုင်းရှိ အိမ်ခြေ (၁၆၀)လုံး၊ အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ (၄၀၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀)တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှုးရုံး (ဘစမ) #ha_drg #mon_mar2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ ပါလှိုင်(၂)ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၁၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀)ကျပ်၊ စုစုပေါင်း (၆၃၅,၇၀၀) ကျပ်အား (၂၀ -၃-၂၀၂၀) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သံဒိသဲကုန်းလေးကျေးရွာအုပ်စုအတွင်းရှိ သဲကုန်းလေးကျေးရွာ၌လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၊ ကြံခင်းစုကျေးရွာ အုပ်စုအတွင်းရှိ ဗိုလ်တေဇကျေးရွာ၌လည်းကောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ် ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းခြင်း၊ မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်းစာရင်းကောက်ယူခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၀၄:၁၅)အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် ၊ သပြေပင်ကျေးရွာ အုပ်စု၊ ညောင်မုတ်ဆိတ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၁၀၈၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စုစာတို့ကို (၁၉-၃-၂၀၂၀) ရက်နေ့၊ ( ၁၅:၁၅) အချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်လမ်းရှိ အိမ်ခြေ (၁၀၀)လုံး၊ အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ (၂၇၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၅၀၀) ကိုလည်းကောင်း၊ (၁၅:၀၀)နာရီအချိန်တွင် သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာရှိ အိမ်ခြေ (၁၀၀)လုံး၊ အိမ်ထောင်စု (၁၀၀)စုမှ လူဦးရေ(၂၅၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၅၀၀)တို့ကိုလည်းကောင်း သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ(၅:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းအုပ်စု၊ ပါပူးကျေးရွာတွင် သောက်သုံးရေ ဂါလန်(၁၂၀၀) အား မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်အတူ သွားရောက်၍ ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငွေဆောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၉-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာ၊ ညောင်အုပ်ကျေးရွာ၊ မရမ်းကုန်းကျေးရွာနှင့် သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၊ ဖုန်းဆိုးကြီးကျေးရွာ၊ မျှင်တိုးကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် ခိုင်ခံ့မှုအားနည်းသည့် နေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ နေအိမ်များပြုပြင်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ လယ်ကြီးကျေးရွာအုပ်စု၊ ဝင်ဝကျေးရွာတွင် မြို့နယ်အဆင့် သဘာဝကာကွယ်ရေးနေအိမ်များ အားဖြည့်ပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #prep_sgw #mgy_mar2020









