လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ ပါလှိုင်(၂)ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၁၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀)ကျပ်၊ စုစုပေါင်း (၆၃၅,၇၀၀) ကျပ်အား (၂၀ -၃-၂၀၂၀) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_mar2020
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)