လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငွေဆောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၉-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာ၊ ညောင်အုပ်ကျေးရွာ၊ မရမ်းကုန်းကျေးရွာနှင့် သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၊ ဖုန်းဆိုးကြီးကျေးရွာ၊ မျှင်တိုးကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် ခိုင်ခံ့မှုအားနည်းသည့် နေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ နေအိမ်များပြုပြင်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ayy_mar2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)