လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သံဒိသဲကုန်းလေးကျေးရွာအုပ်စုအတွင်းရှိ သဲကုန်းလေးကျေးရွာ၌လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၊ ကြံခင်းစုကျေးရွာ အုပ်စုအတွင်းရှိ ဗိုလ်တေဇကျေးရွာ၌လည်းကောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ် ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းခြင်း၊ မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်းစာရင်းကောက်ယူခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ayy_mar2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)