Author Archives: Thandar Aung

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ================================================= Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ.ထ.က(ခွဲ)ကျောက်အိုင်၌ (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/ ကျောင်းသား (၃၄၅) ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲ၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • Multi-Purpose Shelter တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

    ================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် (၁၂-၁၂-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးကော်မတီများနှင့်တွေ့ဆုံ၍ Multi-Purpose Shelter (၁) လုံး အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဘီးလင်းမြို့နယ်၊ ဗန္ဓုလကျေးရွာအုပ်စု၊ ကန်သာယာရပ်ကွက်ရှိ Multi-Purpose Shelter တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  • ရပ်ရွာအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း၌ သင်ခန်းစာများ ပို့ချခြင်း

    ================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ မြို့နယ်ကြက်ခြေနီရုံး၌ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)အဖွဲ့မှ (၁၁-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) မှ (၁၆း၃၀)ထိ  ကျင်းပပြုလုပ်သော ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွင် အဖွင့်အမှာစကားပြောကြားပေးခြင်းနှင့် သင်တန်း နည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါသင်တန်းကို (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်းတက်ရောက်သူဦးရေ (၂၄) ဦးရှိပါကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    ================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ အလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာမေးခွန်းများ မေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း

    ================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၅၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၄-၁၂-၂၀၁၈) ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    ================================================= Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီမှ (၁၂း၃၀) နာရီအထိ မော်လိုက်မြို့နယ်၊ တိန်းသာကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအလယ်တန်းကျောင်း၌ ပြုလုပ်သော သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား၊ ကျောင်းသူ/သား စုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း

    ================================================ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP) နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ ဖလမ်းခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်မှ သင်တန်းသား/သူ(၃၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၂-၁၂-၂၀၁၈) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    ================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်‌‌ကျေးရွာအုပ်စု၊ ဂေါ်ဒူ‌ကျေးရွာ၌ သဘာဝ‌ဘေးအန္တရာယ်‌ဖြစ်ပွားပါက အ‌ရေး‌ပေါ်ခိုလှုံရာစခန်‌းအဖြစ် အသုံးပြုနိုင်ရန်နှင်‌့ သာမန်အချိန်များတွင် စာသင်‌‌ကျောင်‌းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံ‌ငွေဖြင်‌့ တည်‌‌ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင်‌့ တိုင်‌း‌ဒေသကြီးအမှတ်(၂)လွှတ်‌‌တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်‌း‌ဇော်၊ မြို့နယ်တည်‌‌ဆောက်‌‌ရေးကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်‌းဆင်‌းစစ်‌‌ဆေးမှုများပြုလုပ်ခဲ့ပါသည်။   ယင်‌း School … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၃၆၀၀) ကျပ်တို့ကို (၆-၁၂-၂၀၁၈) ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ … Read more

Sign Up

Upcoming Events