
=================================================
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ.ထ.က(ခွဲ)ကျောက်အိုင်၌ (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/ ကျောင်းသား (၃၄၅) ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲ၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။