
=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ မြို့နယ်ကြက်ခြေနီရုံး၌ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)အဖွဲ့မှ (၁၁-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) မှ (၁၆း၃၀)ထိ ကျင်းပပြုလုပ်သော ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွင် အဖွင့်အမှာစကားပြောကြားပေးခြင်းနှင့် သင်တန်း နည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါသင်တန်းကို (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်းတက်ရောက်သူဦးရေ (၂၄) ဦးရှိပါကြောင်း သိရှိရပါသည်။