Author Archives: Thandar Aung

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ ပိတောက်(၄)လမ်း၊ အိမ်အမှတ်(၂၁၆၄၃)၌ (၃၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀/-)၊ မီးဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာတို့အား (၂-၁-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း … Read more

  • သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူခြင်း

    ================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Services Myanmar (CWS) ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၃-၁-၂၀၁၉) ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ သရက်တောကျးရွာ၌ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက် (၅)ခန်းတွဲ (၅)လမ်းရှိ ဒေါ်စန်းမြင့်နေအိမ်အပေါ်ထပ်ဘုရားခန်း၌ ဆီမီးပူဇော်စဉ် ဖယောင်းတိုင်မီးလဲကျသွားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁၇)လုံး၊ အိမ်ထောင်စု(၁၈)စုမှ လူဦးရေ(၈၄)ဦးတို့အတွက် အလှူပစ္စည်း 5 litter ရေသန့်(၃၆) ကဒ်၊ ဆီ (၅)ပိဿာ (၃)ပုံး၊ အဝတ်အထည်(၃)အိတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စောင်(၃၆)ထည်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် လာရောက်တွေ့ဆုံ

    ================================================= ဇန်နဝါရီလ ၂၊ နေပြည်တော် ——————————— လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့သည် (၂-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာ၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ရေးအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ UNICEF အဖွဲ့အစည်း၏ Executive Director … Read more

  • မီးဘေးကြောင့် ဒဏ်ရာရှိခဲ့သူအတွက် ထောက်ပံ့ခြင်း

    ================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊   မကျီးကန်ကျေးရွာ၌ (၃၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) (ကျပ်ငါးသောင်းတိတိ/-) အား (၂-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသော လူနာ၏ မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းအုပ်စု၊ အေးသာယာကျေးရွာတောင်ဘက် အင်ပင်သာတဲစု၌ (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၅၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၂၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၅) အိမ်ထောင်စာတို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် … Read more

  • ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံအစားထိုး စိုက်ပျိုးရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း

    ================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံအစားထိုး စိုက်ပျိုးရန် မျိုးစပါး(၁)တင်းလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် (၁၅၃.၃)တင်းအတွက် (၁.၃၇၉၇)ကျပ်သန်းနှင့် အခြားသီးနှံ(၈)မျိုးအတွက် တန်ဖိုးငွေ(၅၈.၅၅၇၀၉)သန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉.၉၃၆၇၉) သန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ (၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာအုပ်စု၊ ဇင်ကျွန်းကျေးရွာ၌ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ဘုရားစင်၌ ထွန်းညှိထားသော ဖယောင်းတိုင်မီးမှ ကူးစက်လောင်ကျွမ်းခဲ့ရာ လုံးဝပျက်စီးခဲ့သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄) သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂)အိမ်ထောင်စုစာနှင့် အိမ်ထောင်စု(၂)စုမှ လူ(၇)ဦးအတွက် ဆန်(၇)ရက်စာ (၁၂)ပြည်နှင့် (၂)ဘူး အား (၃၁-၁၂-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ခရီးစဉ်၌ ကျောက်ဖြူခရိုင်ထွေ/အုပ်ရိပ်သာ၌ ထောက်ပံ့ခဲ့ကြောင်း … Read more

  • တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် (၁၉-၁၂-၂၀၁၈) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ၌ လုံးဝပျက်စီးခဲ့သည့် တဲအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)  နှင့့့််် (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ ချောင်းသာကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် တဲအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ (၂၅-၁၂-၂၀၁၈)ရက်နေ့တွင် ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအုပ်စု၊ ကြွေချိုင်ကျေးရွာ၌ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့သောင်းဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာများသို့ သွားရောက်

    ==================================================== ၁ ဇန်နဝါရီ၊ ကော့သောင်းမြို့ —————————— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကော့သောင်းမြို့ရှိ ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာများသို့ သွားရောက်ကာ ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၁-၁-၂၀၁၉) နံနက်ပိုင်းတွင် ကော့သောင်းမြို့ ပြည်တော်အေးစေတီနှင့်  အောင်တော်မူစေတီများသို့ သွားရောက်ဖူးမြော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကော့သောင်းဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ရိပ်သာရှိ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက်ဘိုးဘွားရိပ်သာရှိ မသန်စွမ်း ဘိုးဘွားများအပါအဝင် ဘိုးဘွားများအတွက် အလှူငွေကျပ် … Read more

Sign Up

Upcoming Events