
=================================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံအစားထိုး စိုက်ပျိုးရန် မျိုးစပါး(၁)တင်းလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် (၁၅၃.၃)တင်းအတွက် (၁.၃၇၉၇)ကျပ်သန်းနှင့် အခြားသီးနှံ(၈)မျိုးအတွက် တန်ဖိုးငွေ(၅၈.၅၅၇၀၉)သန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉.၉၃၆၇၉) သန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ (၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။