
=================================================
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ မကျီးကန်ကျေးရွာ၌ (၃၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) (ကျပ်ငါးသောင်းတိတိ/-) အား (၂-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသော လူနာ၏ မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။