
=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် (၁၉-၁၂-၂၀၁၈) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ၌ လုံးဝပျက်စီးခဲ့သည့် တဲအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-) နှင့့့််် (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ ချောင်းသာကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် တဲအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ (၂၅-၁၂-၂၀၁၈)ရက်နေ့တွင် ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအုပ်စု၊ ကြွေချိုင်ကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် တဲအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀ိ/-) အား တိုင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြွေချိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၇-၁၂-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။