မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

3 Pic 01 3 Pic 02
=================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက် (၅)ခန်းတွဲ (၅)လမ်းရှိ ဒေါ်စန်းမြင့်နေအိမ်အပေါ်ထပ်ဘုရားခန်း၌ ဆီမီးပူဇော်စဉ် ဖယောင်းတိုင်မီးလဲကျသွားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁၇)လုံး၊ အိမ်ထောင်စု(၁၈)စုမှ လူဦးရေ(၈၄)ဦးတို့အတွက် အလှူပစ္စည်း 5 litter ရေသန့်(၃၆) ကဒ်၊ ဆီ (၅)ပိဿာ (၃)ပုံး၊ အဝတ်အထည်(၃)အိတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စောင်(၃၆)ထည်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၈)အိမ်ထောင်စုစာနှင့် ကလေးကျောင်းဝတ်စုံ (ကျား, မ) ၅ စုံ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃,၄၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၇၆,၄၀၀ိ/-)အား  ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ   ဘေးသင့်ပြည်သူများထံသို့ (၂-၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events