
=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာအုပ်စု၊ ဇင်ကျွန်းကျေးရွာ၌ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ဘုရားစင်၌ ထွန်းညှိထားသော ဖယောင်းတိုင်မီးမှ ကူးစက်လောင်ကျွမ်းခဲ့ရာ လုံးဝပျက်စီးခဲ့သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄) သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂)အိမ်ထောင်စုစာနှင့် အိမ်ထောင်စု(၂)စုမှ လူ(၇)ဦးအတွက် ဆန်(၇)ရက်စာ (၁၂)ပြည်နှင့် (၂)ဘူး အား (၃၁-၁၂-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ခရီးစဉ်၌ ကျောက်ဖြူခရိုင်ထွေ/အုပ်ရိပ်သာ၌ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။