Author Archives: Thandar Aung

  • ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ လေးဂွကျေးရွာ၊ ဥတိုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လတာချောင်းကျေးရွာ၊ နှာကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ နှာလေးကျေးရွာ၊ ခရမ်းသီးကျေးရွာ၊ ထုံးကျေးရွာနှင့် စိန်ပန်းကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို လှည့်လှည် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဒီးမော့ဆိုမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု ထေးဒူဖျကျေးရွာ၊ ဒေါတ မြေးကျေးရွာ၊ နန်ဟူးသွေကျေးရွာနှင့် ဒေါကလော်ဒူကျေးရွာ၊ ၆မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေးကျေးရွာ၊ ဟိုဖိတ်ကျေးရွာနှင့် ဂေါ်ရခါးကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု စိုက်ကွင်း၂ ကျေးရွာ၊ ဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာ၊ ဒေါငံခါးကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more

  • COVID-19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများကို မကွေးတိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်

    ~~~~~~ Source: MOSWRR ~~~~~~ ဇွန် ၁၆၊ မကွေး ~~~~~~   COVID-19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့်မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ … Read more

  • မြန်မာအမျိုးသမီးများနေ့အခမ်းအနားကိုယခုနှစ်တွင်အွန်လိုင်းစနစ်ဖြင့်ကျင်းပနိုင်ရေးအကြိုညှိနှိုင်းဆွေးနွေး

    ~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၁၅၊ နေပြည်တော် ~~~~~~ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နှစ်စဉ်ကျင်းပလျက်ရှိသော မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယခုနှစ်တွင် အွန်လိုင်းစနစ်ဖြင့် အခမ်းအနားစီစဉ်ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်အမျိုးသမီးအဖွဲ့အစည်း (၁၁) ဖွဲ့၊ UN Women ၊ UNFPA Myanmar တို့၏တာဝန်ရှိသူများနှင့် (၁၅-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက Video Conference ဖြင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။   ထိုသို့ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုနှစ်တွင် … Read more

  • ဒီးမော့ဆိုမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု အေနောင်ပုလဲကျေးရွာနှင့် ဆီးသင်းကုန်းကျေးရွာ၊ နောင်ပုလဲကျေးရွာအုပ်စု ဆိုဘောသဲကျေးရွာ၊ ဒေါတော်ကူးကျေးရွာအုပ်စု ဒေါတီပိုးကျေးရွာ၊ ဒေါတငူး(ရွာသစ်)ကျေးရွာ၊ ဒေါတငူး(ရွာဟောင်း)ကျေးရွာနှင့် ဒေါနိုးကူးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ၌ (၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events