ဒီးမော့ဆိုမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု ထေးဒူဖျကျေးရွာ၊ ဒေါတ မြေးကျေးရွာ၊ နန်ဟူးသွေကျေးရွာနှင့် ဒေါကလော်ဒူကျေးရွာ၊ ၆မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေးကျေးရွာ၊ ဟိုဖိတ်ကျေးရွာနှင့် ဂေါ်ရခါးကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု စိုက်ကွင်း၂ ကျေးရွာ၊ ဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာ၊ ဒေါငံခါးကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyh_jun2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events