Author Archives: Thandar Aung

  • မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၈-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကသာခရိုင် ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော အောင်သာကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ လွှစင်ကုန်းရပ်ကွက်၊ မြနန္ဒာရပ်ကွက်၊ စက်တောကျေးရွာ၊ လယ်နက်ကြီးကျေးရွာ၊ နားယကာကျေးရွာ၊ ခမိုးကျေးရွာတို့တွင် ပြည်သူများသို့ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား အသိပညာပေးခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့်ယာယီတိုက်ပွဲရှောင်စခန်းများတွင်COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

    ~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၂၄၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။   (၂၄-၆-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်းတိုက်၊ ကရုချောင်းကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ ယတြာကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒကေ္ခာင်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ မဟာအောင်မြေပုံကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မာရာမကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ … Read more

  • ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

    ~~~~~ Source: MOSWRR ~~~~~ ဇွန် ၂၂၊ နေပြည်တော် ~~~~~ ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့”၏ (၈)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို (၂၂-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာနှင့် ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၁၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂) အိမ်ထောင်စာအား (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ မဿမံကျေးရွာ၌ (၂၀-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၃၀၀၀၀ဝိ/-)အား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ သေဆုံးသူ၏မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကနီမြို့နယ် ယင်းယိမ်ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄:၅၀) အချိန်ထိ ကနီမြို့နယ် ယင်းယိမ်ကျေးရွာအုပ်စုအတွင်းရှိ သစ်ခက်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရွာမကျေးရွာ၊ ယင်းယိမ်ကျေးရွာနှင့် သဖန်းချောင်းကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ မိုးကြိုးဘေးအသိပညာပေးခြင်းနှင့် Covid-19 ရောဂါအသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျေးရွာများအတွင်း လေပြင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံးး (ဘစမ)

  • ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

    ~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၈၊ နေပြည်တော် ~~~~~~~   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။   (၁၈-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြို့သစ်ကြီးဂျန်မိုင်ကောင်း၊ ရွှေစက်နှစ်ခြင်းနှင့် မန်ခိန်နှစ်ခြင်းစသည့် IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ(၁,၁၅၂) ခဲအား သွားရောက်ထောက်ပံ့ခဲ့ပါသည်။ … Read more

  • ကရင်ပြည်နယ်ရှိ Quarantine Centerများနှင့် မြဝတီနယ်စပ်ဂိတ်တွင် ကူညီဆောင်ရွက်ကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြု

    ~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၈၊ ဘားအံ ~~~~~~~ နေရပ်ပြန်များအများဆုံးပြန်လည်ဝင်ရောက်ကြသည့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည်နယ်ရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက (၁၈-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအရအဖွဲ့ဝန်ကြီးချုပ် … Read more

  • ရေကြည်မြို့နယ်ဦးစီးမှူးရုံးတည်ဆောက်နေမှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးနှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဝင်းထက်ကျော်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀’ x ၄၀’ x ၂၈’) RCC (၂)ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် (၁၆-၆-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် လုပ်ငန်းဆာင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events