ကနီမြို့နယ် ယင်းယိမ်ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄:၅၀) အချိန်ထိ ကနီမြို့နယ် ယင်းယိမ်ကျေးရွာအုပ်စုအတွင်းရှိ သစ်ခက်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရွာမကျေးရွာ၊ ယင်းယိမ်ကျေးရွာနှင့် သဖန်းချောင်းကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ မိုးကြိုးဘေးအသိပညာပေးခြင်းနှင့် Covid-19 ရောဂါအသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျေးရွာများအတွင်း လေပြင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံးး (ဘစမ)

Sign Up

Upcoming Events