Author Archives: Thandar Aung
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
(၃-၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများထံသို့ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် Dan Mobile Application အသုံးပြုနည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကရင်ပြည်နယ် ဘားအံမြို့နယ် အမှတ်(၇)ရပ်ကွက် နဝဒေးလမ်းရှိ မီဘေးသင့် အိမ်ထောင်စု(၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး အိမ်ထောင်စု(၁) စုစာ Family Kit (၁) စုံ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)နှင့် ဆန်ရိက္ခာ (၃) ရက်စာ(၇၂၀၀) ကျပ်တို့အား (၃-၂-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
မအူပင်မြို့နယ်၊ ထရော်ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထရော်ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ(၃)ရက်စာ (၂၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) ကျပ်အား (၄-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မီးဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စား လှယ်များနှင့် အစိုးရအဆင့်မြင့် အရာရှိကြီးများအား တင်ပြဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အား ပိုမိုကျယ်ကျယ် ပြန့်ပြန့်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရေးနိုင်ရေးအတွက် ဦးဆောင် ဝန်ကြီးဌာနတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဆက်စပ်ဝန်ကြီးဌာန များ၏ပူးပေါင်းဆောင်ရွက်မှုရရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တင်ပြဆွေးနွေးခြင်း ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား (၂.၂.၂၀၁၇) ရက်နေ့၌ နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရေးကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအစည်းအဝေးသို့ တက်ရောက်မှုသတင်း
နေပြည်တော်၊ ဖေဖော်ဝါရီ (၂) ရက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကလေးများနေ့ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကို (၂-၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သဖြင့် မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရစေပြီး ဗိုလ်ချုပ်၏ကောင်းမွန်သောကိုယ်ကျင့်တရားနှင့်ရိုးသားမှု၊ လွတ်လပ်ရေးကြိုးပမ်းအားထုတ်မှုတို့အတွက် အတုယူတတ်စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို နားလည်သဘောပေါက်စေရန် မြန်မာတစ်နိုင်ငံလုံးတွင် အခမ်းအနားများ ကျင်းပမည်ဖြစ်ပါကြောင်း၊ … Read more
-
လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် Actionaid Myanmar နှင့်ပူးပေါင်း၍ (၁-၂-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လပွတ္တာမြို့ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁-၂-၂၀၁၇) ရက်နေ့တွင် အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၉) ဦး တက်ရောက်ပြီး အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း ခွဲဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၉၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့၊ (၁ဝး၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၉၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဖြတ်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မိုင်းဖြတ်ခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တိုးလျားကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၁-၂၀၁၇) ရက်နေ့၊ (၁၈:၅၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တိုးလျားကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး အဆိုပါအိမ်ခြေရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် မီေးဘးသင့်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများအတွက် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပစွည်း(၁၉)မျိုးပါ Family Kit (၁) ထုပ်၊ အိမ်ဆောက်ပစွည်းဖိုး (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၄၅ဝဝ) ကျပ်တို့ကို (၃၁-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
