ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရေးကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအစည်းအဝေးသို့ တက်ရောက်မှုသတင်း

3_pic01

နေပြည်တော်၊ ဖေဖော်ဝါရီ (၂) ရက်

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကလေးများနေ့ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအ‌ဝေးကို (၂-၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သဖြင့် မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရစေပြီး ဗိုလ်ချုပ်၏ကောင်းမွန်သောကိုယ်ကျင့်တရားနှင့်ရိုးသားမှု၊ လွတ်လပ်ရေးကြိုးပမ်းအားထုတ်မှုတို့အတွက် အတုယူတတ်စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို နားလည်သဘောပေါက်စေရန် မြန်မာတစ်နိုင်ငံလုံးတွင် အခမ်းအနားများ ကျင်းပမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးကျောင်းများ၊ မသန်စွမ်းကျောင်းများတွင် ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ဟောပြောပွဲများ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို ကျင်းပကြမည်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဆုပေးပွဲများနှင့် အာဟာရကျွေးမွေးမှုများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရပ်ရွာအတွင်းမှ ကလေးသူငယ်များကိုလည်း ရပ်ရွာအတွင်းမှ လူငယ်ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကြီးမှူး၍ အာဟာရကျွေးမွေးမှုများကို စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကလေးများအတွက် အာဟာရဖြစ်စေမည့် ကလေးများကြိုက်သော ဒေသအစားအစာများကို ကျွေးမွေးရန်လိုအပ်ပါကြောင်း၊ သန့်ရှင်းလတ်ဆတ်ရေးအတွက်လည်း ကရုပြုကြရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပဲနို့တိုက်ကျွေးရန် ရွှေပါရမီဖောင်ဒေးရှင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းအစီအစဉ်များကို ရေးဆွဲခဲ့ကြပါသည်။

ဆက်လက်၍ သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများရေဆွဲရေး အစည်းအဝေးကို Grand Amara Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူအားလုံး အ‌ြေခခံလူ့အခွင့်အရေး ရရှိရန်၊ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြည့်ဝသော အ‌ခြေအနေရရှိရန်၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်ဝသော လူ့အသိုက်အဝန်းတစ်ခုဖြစ်ရန်နှင့် တရားဥပဒေ စိုးမိုးသော နိုင်ငံတစ်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေအချိုးအစားပြောင်းလဲမှုသည် ထိုနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍများတွင် စိန်ခေါ်မှုများ၊ အ‌ပြောင်းအလဲများနှင့် ကြုံတွေ့နိုင်စေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ သန်း (၅၀) ကျော် အနက် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုအချိုးအစားမှာ ၉.၁ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ မိမိတို့အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ပြဌာန်းပြီးဖြစ်၍ ခိုင်မာသောဥပဒေကို အ‌ခြေခံပြီး မြန်မာ့ထုံးတမ်းများကိုလည်း ထည့်သွင်းစဉ်းစား၍  နည်းဥပဒေများကို ရေးဆွဲရမှာဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ တာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး မည်သူတာဝန်ယူမည်ဆိုသည်မှာ အရေးကြီးပါကြောင်း၊ ဥပဒေသည် ဖိနှိပ်ချုပ်ချယ်ခြင်းမဟုတ်ဘဲ အကာအကွယ်ပေးခြင်းဖြစ်ကြောင်း၊ နည်းဥပဒေတွင် မည်သည့်ပုံစံဖြင့် အကောင်အထည်ဖော်၍ မည်သူက တာဝန်ယူမည်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေသော နည်းဥပဒေများ ဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန် လိုအပ်ကြောင်း ‌ပြောကြားခဲ့ပါသည်။

Sign Up

Upcoming Events