(၁-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထရော်ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ(၃)ရက်စာ (၂၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) ကျပ်အား (၄-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မီးဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)