(၃-၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများထံသို့ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် Dan Mobile Application အသုံးပြုနည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)