Author Archives: Thandar Aung
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၄-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမှ သံဃာ (၂) ပါးအတွက် သင်္ကန်းဒွိစုံ (၂) စုံဖိုးငွေ (၃၀၀၀၀) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့လှူဒါန်းငွေစုစုပေါင်း (၂၃၀၀၀၀) ကျပ်တိတိအား မကွေးတိုင်းဒေသကြီး (ကဆရ) မှ တာဝန်ရှိသူများသည် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာ၌ သဘာဝဘေးအသိပညားပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများထံ သဘာဝဘေးအသိပညာပေးနံရံပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် DAN Mobile Application ရယူအသုံးပြုနည်းများ ပို့ချပေးမှုသတင်း
ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၄-၂-၂၀၁၇) ရက်နေ့မှ (၂၆-၂-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် DAN Mobile Application ရယူအသုံးပြုနည်းများကို (၂၄-၂-၂၀၁၇) ရက်နေ့တွင် ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၃-၂-၂၀၁၇) ရက်နေ့၊ (၂၂:၁၅) နာရီအချိန်တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၄) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာ၊ Family Kit (၁၆) ပုံး၊ လူဦ်းရေ (၇၄) ဦးအတွက် ဆန်ဖိုးငွေ (၆၆၆၀၀) ကျပ်နှင့် အိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၁၆၆၀၀) ကျပ်တို့ကို … Read more
-
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၄-၂-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ ချယ်ရီလမ်းနှင့် အ.ထ.က (၁) ပညာရေးဝန်ထမ်းအိမ်ယာဘေးလမ်းကြားရှိ အိမ်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇) စုမှ လူဦးရေ ကျား(၁၂)၊ မ(၁၄)၊ စုစုပေါင်း (၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄) မျိုး၊ Family Kit (၇) အိတ်၊ JICA စောင်(၇)ထည်၊ ရေပုံးအပြာရောင် (၇) ပုံး၊ … Read more
-
ကော့သောင်းမြို့နယ်၊ သောင်ဖြူကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၅-၂-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ သောင်ဖြူကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ကျေးရွာနေပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများထံသို့ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ စာအုပ်များ၊ ဘောလ်ပင်များနှင့် မုန့်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ဆေးသမားကျေးရွာအုပ်စု၊ အုန်းတောပြီးကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၁၄-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကျေးရွာအုပ်စု၊ အုန်းတောပြီးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၄၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်တိတိတို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၁၅-၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စုထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးရေးရာကိစ္စရပ်များကို နိုင်ငံတော်အစိုးရကိုယ်စား အဓိကတာ၀န်ယူဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee For Women Affairs – MNCWA) ကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးက ဉက္ကဌအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာပါ၀င်ဆောင် ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ပါ၀င်ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါကြောင်း (၁၅-၂-၂၀၁၇) ရက်နေ့၊ … Read more
-
မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့ DAN Mobile Application အသုံးပြုနည်းများနှင့် DAN Mobile Application Sticker များ ဖြန့်ဝေပေးမှုသတင်း
(၈-၂-၁၀၁၇) ရက်နေ့နှင့် (၁၄-၂-၂၀၁၇) ရက်နေ့တို့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့ သွားရောက်ကာ ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန်၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message များ ရရှိနိုင်ရန်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ပညာပေးလက်ကမ်းစာစောင်များလေ့လာသိရှိဆောင်ရွက်နိုင်စေရန် စသည်တို့ပါဝင်သည့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၄) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား (၁၄-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် American Refugee Committee ၏ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒုက္ခသည်များနှင့် HIV ရောဂါဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုအတွေ့အကြုံများ၊ လူမှုဝန်ထမ်း၊ … Read more
