မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

 

27_pic01

 

(၂၄-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမှ သံဃာ (၂) ပါးအတွက် သင်္ကန်းဒွိစုံ (၂) စုံဖိုးငွေ (၃၀၀၀၀) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့လှူဒါန်းငွေစုစုပေါင်း (၂၃၀၀၀၀) ကျပ်တိတိအား မကွေးတိုင်းဒေသကြီး (ကဆရ) မှ တာဝန်ရှိသူများသည် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events