ဟားခါးမြို့၊ စျေးသစ်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

 

27_pic01

 

(၂၄-၂-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ ချယ်ရီလမ်းနှင့် အ.ထ.က (၁) ပညာရေးဝန်ထမ်းအိမ်ယာဘေးလမ်းကြားရှိ အိမ်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇) စုမှ လူဦးရေ ကျား(၁၂)၊ မ(၁၄)၊ စုစုပေါင်း (၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄) မျိုး၊ Family Kit (၇) အိတ်၊ JICA စောင်(၇)ထည်၊ ရေပုံးအပြာရောင် (၇) ပုံး၊ ထွန်းရွှေဝါ အစာကြေဆေး (၇) ကဒ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာ (၁၀) ရက်စာဖိုးငွေနှင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ၊ စုစုပေါင်းထောက်ပံ့ငွေ (၃၉၈,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events